ချစ်တင်းနှောခြင်းဟာ သင်နဲ့သင့်အဖော်အတွက် နှစ်သက်ဖွယ်ရာ ဆက်ဆံရေး ၊ ကျေနပ်နှစ်သက်မှုကိုသာ ပေးစွမ်းနိုင်တာမဟုတ်ပဲ သင့်နဲ့သင့်အဖော်ရဲ. ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့ အချက်တွေ ရှိနေပါသေးတယ် ။ များစွာသောလူတွေဟာ ချစ်တင်းနှောခြင်းဟာ အံ့သြဖွယ်ကောင်းလောက်အောင် စိတ်ဖိစီးမှုတွေကို လျှော့ပါးစေပြီး နေ့စဉ်များမြောင်လှတဲ့ အနှောင်အဖွဲ့တွေကြားက ခေတ္တလွတ်မြောက်ရာလို့ လက်ခံထားပြီးသားပါ ။ ဒါ့အပြင် ချစ်တင်းနှောခြင်းကနေ ရရှိနိုင်တဲ့ သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ အချက်တွေ ရှိနေပါတယ် ။ အဲ့ထဲကမှ စိတ်ဝင်စားဖွယ်အကောင်းဆုံးနဲ့ သင့်အတွက် အကျိုးအရှိဆုံး ရလဒ် (၁၀) ချက်ကို ရွေးနှုတ်ဖော်ပြ ပေးလိုက်ပါတယ် ။
(၁) ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ဖို့ အထောက်အကူပြုနိုင်
သင်ဟာ ချစ်တင်းနှောပြီးစ အချိန်မှာ အိပ်ပျော်သွားခဲ့မယ်ဆိုရင် ပြန်လည်နိုးထလာတဲ့အချိန်မှာ အရင်အချိန်တွေ အိပ်စက်ခဲ့စဉ်ကထက် ပိုမိုလန်းဆန်းစွာ နိုးထလာတာကို ခံစားရမှာပါ ။ ညဖက်မှာ ကောင်းမွန်စွာ အိပ်ပျော်သွားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ် ။
(၂) ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်
ချစ်မှုပြုခြင်းဟာ ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ရပ်လို့ ဆိုနိုင်ပြီး ခန္တာကိုယ်က မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ် ။ ပုံမှန်ချစ်မှုပြုခြင်းဟာ အားကစားခန်းမမှာ ပြင်းထန်စွာ အားကစားပြုခြင်းထက်တောင် ပိုပြီး ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ် ။ ပြောရမယ်ဆိုရင် ချစ်မှုပြုခြင်းဟာ ပေါင် ၊ ခြေထောက် ၊ လက်မောင်း ၊ ပခုံး ၊ ဝမ်းဗိုက်ကြွက်သားတွေ စုပေါင်းလှုပ်ရှားနေကြရတာပါ ။ ပုံမှန်ချစ်မှုပြုခြင်းတစ်ကြိမ်ဟာ ကယ်လိုရီ ၁၅၀ ကို လောင်ကျွမ်းစေနိုင်ပြီး ၊ အဲ့ဒါဟာ ယောဂကျင့်တာ လမ်းလျှောက်ထွက်တာနဲ့ နှို်င်းယှဉ်နိုင်ပါတယ် ။ အထူးသဖြင့် ချစ်မှုပြုနေစဉ်မှာ အမျိုးမျိုးသော အနေအထားတွေ ပြောင်းလဲခြင်းဟာ ပိုမိုကောင်းမွန်ပြီး ခန္တာကိုယ် အလေးချိန်ကျဖို့အတွက် နည်းလမ်းကောင်းတစ်ရပ်ပါ ။
(၃) ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်
တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ချစ်မှုပြုခြင်းဟာ ခန္တာကိုယ်ကို ကာကွယ်နိုင်တဲ့ immunoglobulin နဲ့ ချိတ်ဆက်မှု ရှိပါတယ် ။ ဒါကြောင့် သင့်ခန္တာကိုယ်ဟာ အအေးမိခြင်းနဲ့ အခြားသောနာမကျန်းဖြစ်ခြင်းတွေကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ် ။
(၄) သင့်ကို ငယ်ရွယ်နုပျိုစေနိုင်
ရိုမန်တစ်ဆန်ဆန် ဘဝကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေဟာ ဘဝမှာ အသက်ရှည်ရှည်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင် ကြရတယ်ဆိုတာ ငြင်းစရာ ရှိမယ်မထင်ပါဘူး ။ သုတေသနတွေ့ရှိချက်တွေအရ ပုံမှန်ချစ်မှုပြုခြင်းဟာ endorphins ထုတ်လုပ်မှု ဖြစ်စေနိုင်ပြီး အသားအရည်လှပစေတဲ့ ဗီတာမင် D ကို ပိုမိုထုတ်လုပ်ပေးနိုင်တာကြောင့် ငယ်ရွယ်နုပျိုတဲ့ အလှအပကို ပိုင်ဆိုင်စေပါတယ် ။
(၅) စိတ်ဖိစီးမှုတွေကနေ ကင်းဝေးနိုင်
ချစ်မှုပြုခြင်းရဲ. အကျိုးအရှိဆုံး ကျန်းမာရေး အထောက်အကူပြုနိုင်မှုကတော့ သွေးဖိအားကို လျှော့ကျစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ် ။ စတော့တလန်မှ သုတေသီများအဖွဲ့ဟာ အမျိုးသား ၂၂ ဦး နဲ့ အမျိုးသမီး ၂၄ ဦးရဲ. လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို လေ့လာပြီး Biological Psychology ဂျာနယ်မှာ ရေးသားထားချက်အရ ချစ်တင်းနှောခြင်းဟာ လူသားတွေရဲ. စိတ်ဖိစီးမှုတွေကနေ ပြန်လည်တက်ကြွမှုကို ပေးစွမ်းနိုင်ပါသတဲ့ ။
(၆) ဖွံ.ဖြိုးမှုကို အားပေးနိုင်
ချစ်တင်းနှောခြင်းဟာ အမျိုးသမီးများ ဓမ္မာတာလာခြင်းကို စနစ်တကျနဲ့ ပုံမှန်ဖြစ်စေပါတယ် ။ ခရီးဆုံးပန်းတိုင် ရရှိခြင်းဟာလည်း ဖွံဖြိုးမှုကို အားပေးနိုင်ပြီး အမျိုးသမီးများအနေနဲ့ မိခင်ဖြစ်ဖို့ နီးစပ်နိုင်ပါတယ် ။
(၇) ရောဂါများကို တိုက်ခိုက်နိုင်
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေမှာ ရောဂါဘယတွေ ရှိနေခဲ့ရင် ချစ်တင်နှောခြင်းကနေ ရောဂါတွေကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါ့အပြင် အံ့သြစရာကောင်းတာက ချစ်တင်းနှောခြင်းဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ရုံသာမက နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်ပါသတဲ့ ။
(၈) နာကျင်ခြင်း ဝေဒနာကို လျှော့ချပေးနိုင်
ချစ်မှုပြုခြင်းဟာ နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝရဲ. ဆေးစွမ်းကောင်း တစ်လက်ပါပဲ ။ အမျိုးသမီးအဂါင်္ရဲ. စေ့ဆော်မှုဟာ ဓမ္မတာလာနေစဉ် နာကျင်ကိုက်ခဲခြင်း ၊ အဆစ်အမြစ် ကိုက်ခဲခြင်း စတဲ့ နာကျင်ခြင်း ဝေဒနာများကို လျှော့ချသက်သာစေပါတယ် ။ ဟော်မုန်းဓါတ်တွေဖြစ်တဲ့ oxytocin ၊ endorphins တို့ကို တိုးပွားစေပြီး နာကျင်ခြင်းကိုတော့ ပျောက်ကင်းစေနိုင်ပါတယ် ။
(၉) အမျိုးသမီးတွေကို ပိုမိုလှပစေနိုင်ပါတယ်
ချစ်တင်းနှောနေစဉ် အတွင်းမှာ အမျိုးသမီးရဲ. ခန္တာကိုယ်အတွင် လုံလောက်တဲ့ estrogen ဟော်မုန်းကို ထုတ်လုပ်ပေးပြီး ၊ အမျိုးသမီးတွေကို ပိုမိုလှပစေဖို့ အထောက်အကူ ဖြစ်စေပါတယ် ။ ဒီဟော်မုန်းဓါတ်ဟာ အမျိုးသမီးတွေရဲ. အသားအရည်ကို ချောမွေ့စေပြီး ဆံပင်ကိုလည်း တောက်ပစေနိုင်ပါတယ် ။ ချစ်တင်းနှောနေစဉ်မှာ ခန္တာကိုယ်က မလိုအပ်တဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး အသားအရည်အတွက် အထူးကောင်းမွန်စေပါတယ် ။
(၁၀) စိတ်ချမ်းသာ ပျော်ရွှင်ကျန်းမာစေနိုင်
သင်ဟာ စိတ်လက်ချမ်းသာစွာ နေထိုင်ရရင် သင့်ကျန်းမာရေးအတွက် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်ဆိုတာ အသေအချာပါပဲ ။ ချစ်တင်းနှောခြင်းဟာ စုံတွဲတွေအတွက် ပျော်ရွှင်စိတ်ချမ်းသာစရာ နေ့ရက်တွေကို ပိုင်ဆိုင်စေမှာပါ ။
#Credit


No comments:
Post a Comment